
နန်းရွှေပြည် အကြောင်း
◾နန်းရွှေပြည် ကုမ္ပဏီ ကို ၂၀၁၆ ခုနှစ်တွင် တရားဝင်စတင်တည်ထောင်ခဲ့ပါသည်။ နန်းရွှေပြည်သည် နေပြည်တော်ကောင်စီ နယ်မြေကိုသာ သီးသန့်ဦးတည်၍ လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းများ ဈေးကွက်ကျယ်ပြန့်စေရေးနှင့် ရောင်းအားတိုးတက်စေရေး တို့အတွက် ဝန်ဆောင်မှုပေးနေသော ဈေးကွက်ရှာဖွေဖြန့်ချိရေးနှင့် ဒေသကိုယ်စားလှယ် (Dealer) ဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်ပါသည်။
◾နန်းရွှေပြည်သည် ၂၀၀၆ ခုနှစ် နေပြည်တော် စတင်တည်ထောင်စဉ်ကတည်းက စတင်ဖွင့်လှစ်ခဲ့သော နန်းရွှေပြည် အထွေထွေရောဂါကု ဆေးခန်း မှ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခြင်း ဖြစ်ပါသည်။
◾လက်ရှိတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ကို ဈေးကွက်မိတ်ဆက်ချဲ့ထွင် ရောင်းချဖြန့်ချိခြင်း လုပ်ငန်းများကို အဓိက ဝန်ဆောင်မှုပေးလျက်ရှိပြီး၊ ကုမ္ပဏီတည်ထောင်သူသည် ဆေးပညာနယ်ပယ်၊ M.B.,B.S, M.Med.Sc. , Ph.D. (Pharmacology) ဘွဲ့များ ရရှိထားသူဖြစ်သောကြောင့် တရားဥပဒေနှင့် ညီညွတ်သော ဝန်ဆောင်မှုများ၊ အရည်အသွေးမြင့် ကုန်ပစ္စည်း ရောင်းချဖြန့်ဖြူးရေး၊ စနစ်တကျ စီမံခန့်ခွဲရေးနှင့် လက်တွေ့ကျသော ဆောင်ရွက်မှုများ ကိုသာ အာမခံချက်ရှိစွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
တည်ထောင်သူ အကြောင်း
နန်းရွှေပြည် ကို ဒေါက်တာ ဒေါ်နွဲ့နွဲ့ရီ M.B.,B.S. M.Med.Sc. Ph.D.(Pharmacology) ၏ လမ်းညွှန်မှုဖြင့် ခေတ်ပညာတက် လူငယ်များ၏ ဆန်းသစ်သော အတွေးအခေါ်နှင့် တက်ကြွသော လုပ်အားနှုန်းများ ကို ပေါင်းစပ်ထားပါသည်။ စနစ်ကျသော စီမံခန့်ခွဲမှု နှင့် ခေတ်မီသော ဈေးကွက်ဗျူဟာများ အပြင် ခေတ်ကာလအလိုက် ပေါ်ပေါက်လာသော ခေတ်မီနည်းပညာများ ဖြင့်ပါ ပေါင်းစပ်၍ ထိရောက်သည့် ဝန်ဆောင်မှုများကို အောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။

နန်းရွှေပြည် ကုမ္ပဏီ လီမိတက်
Company Registration No. : 102225619