နန်းရွှေပြည် နှင့်အတူ နေပြည်တော် ဈေးကွက်ကို အောင်မြင်စွာ ထိုးဖောက်နိုင်မည့် လုပ်ငန်းများ

Pharmaceutical companies

ဆေးဝါးနှင့် ဆေးပစ္စည်း တင်သွင်း/ထုတ်လုပ်သော ကုမ္ပဏီများ

ဆေးရုံသုံးပစ္စည်း တင်သွင်း/ထုတ်လုပ်သော ကုမ္ပဏီများ

Health accessory manufacturing and importing companies

ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပစ္စည်းများ တင်သွင်း/ထုတ်လုပ်သော ကုမ္ပဏီများ

Traditional medicine companies.

ဖြည့်စွက်စာ (Supplement) တင်သွင်း/ထုတ်လုပ်သော ကုမ္ပဏီများ

ကျန်းမာရေး စားသောက်ကုန်များ တင်သွင်း/ထုတ်လုပ်သော ကုမ္ပဏီများ

နေပြည်တော် ဈေးကွက်အတွင်း ဈေးကွက်ဖြန့်ကျက်ရန်နှင့် ရောင်းအား တိုးတက်စေရန် ရည်ရွယ်သည့် ထုတ်လုပ်သူများနှင့် ကုန်ပစ္စည်းတင်သွင်းသူများအား နန်းရွှေပြည် မှ ဖိတ်ခေါ်အပ်ပါသည်။

နေပြည်တော် ဈေးကွက် ကို အောင်မြင်စွာ ထိုးဖောက်မည့် နည်းလမ်းများ

01.

နန်းရွှေပြည် နှင့် ပူးပေါင်းခြင်းဖြင့် လူကြီးမင်း၏ ထုတ်ကုန်များကို ဈေးကွက်အတွင်း Brand Awareness ရရှိစေရုံသာမက၊ ကျွမ်းကျင်ထိရောက်သော ဖြန့်ချိရေးစနစ် ဖြင့် ဈေးကွက်ကျယ်ပြန့်မှုကို အာမခံချက်ရှိစွာ ကူညီဆောင်ရွက်ပေးပါမည်။

02.

လူကြီးမင်း၏ "ထုတ်ကုန်များ" ကို ထိရောက်သော ဖြန့်ချိရေးစနစ်နှင့် ကျွမ်းကျင်အရောင်းအဖွဲ့၏ စွမ်းဆောင်မှုဖြင့် ပြိုင်ဘက်များထက် သာလွန်ကောင်းမွန်သော ဈေးကွက်ဝေစုကို ရယူနိုင်ပါသည်။ "ထုတ်ကုန်များ" ကို ဈေးကွက်ပြတ်လပ်မှု မရှိစေရန်နှင့် ဝယ်ယူရလွယ်ကူစေရန် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ပါသည်။

03.

သက်မှတ် Coverage Area အတွင်း ရောင်းအားတိုးမြှင့်စေသော ရာသီအလိုက် အရောင်းမြှင့်တင်ရေးပွဲများ (Seasonal Sales Promotions)၊ Brand ခိုင်မာစေမည့် Event များ (Branding Events)၊ ရောင်းအားမြှင့်တင်ရေး ပရိုမိုးရှင်းအစီအစဉ်များ ကို ကူညီပံ့ပိုးဖို့အမြဲတမ်း အသင့်ရှိပါသည်။

04.

နေပြည်တော်ဧရိယာ အတွင်း လုပ်ငန်းရှင်ကြီးများ၏ Product Merchandising လုပ်ငန်းစဉ်များ အားလုံးကို နန်းရွှေပြည် ၏ Sales & Marketing Team မှ ကုန်ကျစရိတ် သက်သာစွာဖြင့် အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးပါမည်။

05.

နန်းရွှေပြည်နှင့် လက်တွဲခြင်းဖြင့် နေပြည်တော်တွင် လုပ်ငန်းရှင်များ ကိုယ်တိုင် ကုန်ပစ္စည်းများဖြန့်ချိရောင်းချရန်အတွက် ရုံးခွဲ၊ ဂိုထောင် ထားရှိရခြင်း၊ ရုံးဝန်ထမ်းများ ထားရှိရခြင်းများ မလိုအပ်တော့ပါသဖြင့် ဈေးကွက်ဖြန့်ချီရေး စရိတ်စကများကို သက်သာစေပါမည်။

06.

လူကြီးမင်းများ၏ အရည်အသွေး အာမခံချက်ရှိသော ထုတ်ကုန်များကို စနစ်တကျလက်ခံခြင်း၊ စနစ်တကျ သိုလှောင်ထားရှိပေးခြင်း၊ ရိုးရှင်းထိရောက်သော ပို့ဆောင်ရေးစီမံခန့်ခွဲမှုစနစ်များ ထားရှိခြင်း တို့ကြောင့် သယ်ယူပို့ဆောင်ဖြန့်ချိရာတွင် ထုတ်ကုန်များ၏ အရည်အသွေးကို ထိခိုက်မှုမရှိစေရန် အမြဲတမ်း ဂရုတစိုက် အလေးထား ဆောင်ရွက်ပါသည်။