MMFont shutterstock_269394536(design good) [Converted]

ဈေးကွက်အောင်မြင်မှုအတွက် နန်းရွှေပြည် ၏ ဝန်ဆောင်မှုများ

၁. ဈေးကွက်သုသေတနပြုပေးခြင်း (Research)

၂. ဈေးကွက်ဆိုင်ရာအကြံပေးခြင်း (Consultation)

၃. ထိရောက်သော ဈေးကွက်ရှာဖွေ၊ ထိုးဖောက်ပေးခြင်း (Marketing)

၄. တိကျမှန်ကန်သော ကုန်ပစ္စည်းဖြန့်ချိပေးခြင်း (Distribution)

၅. ဒေသကိုယ်စားလှယ် ဆောင်ရွက်ပေးခြင်း (Dealer Services)

ရောင်းအား တိုးတက်စေမည့် ဝန်ဆောင်မှု နည်းလမ်းများ

လူကြီးမင်းတို့ကုမ္ပဏီများမှ တင်သွင်း၊ ထုတ်လုပ်ထားသော ဆေးနှင့်ဆေးပစ္စည်းများကို နေပြည်တော် ဈေးကွက်အတွင်း ဆေးဆိုင်များသာမက ဆေးရုံ၊ ဆေးခန်းကြီးငယ်များပါမကျန် ဈေးကွက်ချဲ့ထွင် ဖြန့်ဖြူးရောင်းချပေးခြင်း။

နန်းရွှေပြည် သည် နေပြည်တော်ဒေသ၏ လက်လီ၊ လက်ကားဈေးကွက် သာမက ဆိုင်ငယ်လေးများ အထိပါမကျန် ဆေးနှင့် ပစ္စည်းများကို နှံ့စပ်ကျယ်ပြန့်စွာ ဖြန့်ဖြူးရောင်းချပေးခြင်း ဖြင့် ကုန်ကျစရိတ် သိသိသာသာ သက်သာစေရန် ဆောင်ရွက်ပေးပါမည်။

နန်းရွှေပြည် နှင့် လက်တွဲခြင်းဖြင့်၊ လုပ်ငန်းရှင်များသည် ရုံးခွဲ အသစ်ဖွင့်စရိတ် မကုန်ဘဲ နေပြည်တော်တွင် ကိုယ်ပိုင် ဖြန့်ချိရေးရုံးခွဲတစ်ခု ရှိနေသကဲ့သို့ စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ဆောင်မှုကို ရရှိပါမည်။

လက်ရှိဈေးကွက်အတွင်း ရှိနှင့်ပြီးသား လူကြီးမင်းတို့၏ ဆေးနှင့်ပစ္စည်းများ၏ အောင်မြင်သော ရောင်းအားကို တည်ငြိမ်အောင်ထိန်းသိမ်း၍ ရေရှည်ဆက်လက် တိုးတက်အောင်ပြုလုပ်ပေးခြင်း။

နန်းရွှေပြည် သည် နေပြည်တော်ဈေးကွက်ကို ပိုင်နိုင်ကျွမ်းကျင်သော၊ ရိုးသားဖြောင့်မတ်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် Professional ဈေးကွက်ရှာဖွေဖြန့်ချီရေး ကုမ္ပဏီ တစ်ခုအဖြစ် လူကြီးမင်းတို့ ပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်ပေးခြင်း။

ဈေးကွက်တိုးတက်စေရန် နန်းရွှေပြည် ၏ ဆောင်ရွက်နိုင်မှုများ

နန်းရွှေပြည်၏ကိုယ်ပိုင် Website စာမျက်နှာများ၊ Digital Marketing နည်းပညာများ၊ အဖွဲဝင် ၁ သိန်း ၄ သောင်းကျော်ရှိသော နန်းရွှေပြည်၏ ကိုယ်ပိုင် Facebook စာမျက်နှာ ၊ အဖွဲ့ဝင် ၃ သိန်းကျော်ရှိသော နန်းရွှေပြည် ကုမ္ပဏီပိုင် ကြော်ငြာသီးသန့် Facebook စာမျက်နှာများတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများအကြောင်းကို သိရှိစေရုံသာမက ဝယ်လိုအား တိုးတက်စေရန် Advertising Policies များနှင့်အညီ ထိရောက်ခေတ်မီစွာ ကြော်ငြာပေးခြင်း။

ဈေးကွက်မိတ်ဆက်ခြင်းနှင့် ရောင်းချခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်း။

ကုန်ပစ္စည်းများကို စားသုံးသူများ အလွယ်တကူ ဝယ်ယူနိုင်သော နေရာအနှံ့အပြားရှိ လက်လီဆိုင်များ အထိ ဖြန့်ဖြူးပေးခြင်းဖြင့် ဈေးကွက်ဝင်ရောက်မှုကို အမြင့်ဆုံးမြှင့်တင်ပေးခြင်း။

သတ်မှတ် Coverage Area အတွင်း ဈေးကွက်ကို အသေးစိတ် နက်နက်နဲနဲ ထိုးဖောက်သည့် Deep Down Marketing နည်းလမ်းများ ကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုအပေါ် အကောင်းဆုံး အကျိုးအမြတ် ROI ရရှိစေခြင်း။

လက်လီလက်ကားဖောက်သည်ဆိုင်များမှ ကုန်ပစ္စည်းများ မှာယူသည်နှင့်တစ်ပြိုင်နက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အမြန်ဆုံးအရောက်ပို့ဆောင်ပေးခြင်း။

အရေအသွေး အာမခံချက်ရှိသည့် ကုန်ပစ္စည်းများကို စနစ်တကျလက်ခံ၍ ကောင်းမွန်စွာ ထိန်းသိမ်းသိုလှောင်ထားရှိပေးခြင်း။

ကုန်ပစ္စည်းများ လျင်မြန်တိကျစွာ ရောက်ရှိစေရေးအတွက် ရိုးရှင်းထိရောက်သော ပို့ဆောင်ရေး စီမံခန့်ခွဲမှုစနစ်များ ကိုအသုံးပြုထားခြင်း။

ငွေတောင်းခံခြင်း (Invoicing) နှင့် ငွေကောက်ခံခြင်း (Cash Collection) အပါအဝင် ငွေကြေးစီမံခန့်ခွဲမှု ကိစ္စရပ်များအားလုံးကို စနစ်တကျနှင့် တိကျမှန်ကန်မှု အပြည့်ဖြင့် တာဝန်ယူ အာမခံ ဆောင်ရွက်ပေးခြင်း။

Company နှင့် Supplier များ၏ ငွေပေးချေမှု ကိစ္စရပ်အားလုံးကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ တည်ကြည်မှုနှင့် စနစ်တကျရှိမှု အပြည့်ဖြင့် အလုံးစုံ တာဝန်ယူ အာမခံ ဆောင်ရွက်ပေးခြင်း။