ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုများ

နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျွန်ုပ်တို့ဘက်မှ ရရှိနိုင်သော ဝန်ဆောင်မှုများ

ကျွန်ုပ်တို့ ကမ်းလှမ်းနိုင်သော ဝန်ဆောင်မှုများ

လူကြီးမင်းတို့ကုမ္ပဏီများမှ တင်သွင်း၊ ထုတ်လုပ်ထားသော ဆေးနှင့်ဆေးပစ္စည်းများကို နေပြည်တော် ဈေးကွက်အတွင်း ဆေးဆိုင်များသာမက ဆေးရုံ၊ ဆေးခန်းကြီးငယ်များပါမကျန် ဈေးကွက်ချဲ့ထွင် ဖြန့်ဖြူးရောင်းချပေးခြင်း။

လက်ရှိဈေးကွက်အတွင်း ရှိနှင့်ပြီးသား လူကြီးမင်းတို့၏ ဆေးနှင့်ပစ္စည်းများ၏ အောင်မြင်သော ရောင်းအားကို ထိန်းသိမ်း၍ ဆက်လက်တိုးတက်အောင်ပြုလုပ်ပေးခြင်း။

လူကြီးမင်းတို့ ဆေးနှင့်ပစ္စည်းများကို နေပြည်တော် လက်လီလက်က္ကား ဈေးကွက်အတွင်းသာမက အရောင်း ဆိုင်ငယ်လေးများအထိ နှံ့စပ်ကျယ်ပြန့်စွာ၊ ကုန်ကျစရိတ်သက်သာစွာ ရောင်းချဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်ပေးခြင်း။

နေပြည်တော်ဈေးကွက်ကို ပိုင်နိုင်ကျွမ်းကျင်မှုရှိပြီး ရိုးသားဖြောင့်မတ်မှု၊ စွမ်းဆောင်ရည်ပြည့်ဝမှုများနှင့် ပြည့်စုံသော ပရော်ဖက်ရှင်နယ် ဈေးကွက်ရှာဖွေဖြန့်ချီရေး ကုမ္ပဏီတစ်ခု အဖြစ် လူကြီးမင်းတို့ ပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်ပေးခြင်း။

နေပြည်တော်တွင် လုပ်ငန်းရှင် လူကြီးမင်းများ၏ ဖြန့်ချီရေးလုပ်ငန်းရုံးခွဲတစ်ခု ရှိနေသလိုစွမ်းဆောင်ပေးနိုင်ခြင်း။

Our Professional Activities

ဈေးကွက်မိတ်ဆက်ခြင်းနှင့်ရောင်းချခြင်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးခြင်း။

Digital Marketing စနစ်များ၊ နန်းရွှေပြည်၏ကိုယ်ပိုင် Website စာမျက်နှာများ၊ အဖွဲဝင် ၁ သိန်း ၄ သောင်းကျော်ရှိသော နန်းရွှေပြည်၏ ကိုယ်ပိုင် Facebook Page ၊ အဖွဲ့ဝင် ၃ သိန်းကျော်ရှိသော နန်းရွှေပြည် ကုမ္ပဏီပိုင် ကြော်ငြာသီးသန့် Facebook စာမျက်နှာများတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများအကြောင်းကို သိရှိစေရန် Advertising Policies and Community Standards များနှင့်အညီ ထိရောက်ခေတ်မီစွာ ကြော်ငြာပေး၍ ဝယ်လိုအားတိုးတက်အောင်ပြုလုပ်ပေးခြင်း။

ကုန်ပစ္စည်းများကို စားသုံးသူများ လက်လှမ်းမီသော လက်လီဆိုင်များတွင် အဆင်သင့်ဝယ်ယူသုံးစွဲနိုင်စေရန် ဖြန့်ဖြူးပေးခြင်း။

Coverage Area များကို Deep Down မားကတ်တင်း သေချာစွာပြုလုပ်ပေးခြင်းအားဖြင့် ကောင်းမွန်သော ROI ရရှိစေခြင်း။

လက်လီလက်ကားဖောက်သည်ဆိုင်များမှ ကုန်ပစ္စည်းများ ဝယ်ယူလိုသည်နှင့်တစ်ပြိုင်နက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အရောက်ပို့ဆောင်ပေးခြင်း။

ကုန်ပစ္စည်းများကို စနစ်တကျ လက်ခံ၍ စံချိန်စံညွှန်းများနှင့်အညီ သိုလှောင်ထားရှိပေးခြင်း။

ရိုးရှင်းထိရောက်သော ပို့ဆောင်ရေး စီမံခန့်ခွဲမှုစနစ်ရှိခြင်း။

ငွေတောင်းခံခြင်း (Invoicing) နှင့် ငွေကောက်ခံခြင်း (Cash Collection)များကို စနစ်တကျဆောင်ရွက်ထားရှိခြင်း။

အာမခံချက် အပြည့်အဝပေးနိုင်သော ငွေပေးငွေယူစနစ်များ ခိုင်ခိုင်မာမာ စီမံထားရှိခြင်း။