ကျွန်ုပ်တို့အကြောင်း

နန်းရွှေပြည့်ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ကုမ္ပဏီဖြစ်ကာ နေပြည်တော်ကောင်စီ နယ်မြေကို သီးသန့်ဈေးကွက် အဖြစ် ဦးတည်၍ နေပြည်တော်ဈေးကွက်အတွင်း လူကြီးမင်းတို့ ကုန်ပစ္စည်းများ ဈေးကွက်ကျယ်ပြန့်စေရေးနှင့်ရောင်းအားတိုးတက်စေရေးတို့အတွက် ဝန်ဆောင်မှုပေးနေသော ဈေးကွက်ရှာဖွေ ဖြန့်ချီရေး နှင့် ဒေသကိုယ်စားလှယ် (Dealer) ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ရည်မှန်းချက်

ဝန်ဆောင်မှုရယူသူများနှင့်စားသုံးသူများအတွက် နေပြည်တော် ဈေးကွက်အတွင်း အရည်အသွေး ပြည့်ဝသည့် ဈေးကွက်ချဲ့ထွင်၊ ရောင်းချ၊ ဖြန့်ချီရေး ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ရန်။

မျှော်မှန်းချက်

နေပြည်တော်ဈေးကွက်အတွင်း မိတ်ဖက်လုပ်ငန်းများအားလုံးအတွက် ယုံကြည်စိတ်ချရပြီး ပြည့်စုံထိရောက်သော ဝန်ဆောင်မှုလုပ်ငန်းများ ပေးစွမ်းနိုင်ရန်။

ပင်မစံနှုန်းများ

– မှန်ကန်ခိုင်မာသော ယုံကြည်စိတ်ချရမှု
– ကုန်ပစ္စည်းများ ဈေးကွက် ကျယ်ပြန့်စေရန် အပြည့်အ၀ အာရုံစူးစိုက်မှု
– အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်မှု

Dr. Nwe Nwe Yee
M.B.,B.S. M.Med.Sc.  Ph.D(Pharmacology)

နန်းရွှေပြည်ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်မှ နေပြည်တော် စတင်တည်ထောင်စဉ်ကတည်းက နန်းရွှေပြည် အထွေထွေရောဂါကု ဆေးခန်းလေးမှ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာသည့် လုပ်ငန်းဖြစ်ပါသည်။ နန်းရွှေပြည်ကို ကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေကို သီးသန့် ဈေးကွက် အဖြစ် ဦးတည်၍ ဆေးဝါးနှင့်ဆေးပစ္စည်းများကို ဈေကွက် မိတ်ဆက်ချဲ့ထွင် ရောင်းချ ဖြန့်ချိခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ စတင်တည်ထောင်သူ ဖြစ်သော ဒေါက်တာ ဒေါ်နွဲ့နွဲ့ရီ M.B.,B.S. M.Med.Sc. Ph.D.(Pharmacology) ၏ လမ်းညွှန်မှုများနှင့် အညီ ခေတ်ပညာတက် မျိုးဆက်သစ်လူငယ် များ၏ ဆန်းသစ်သော အတွေးအခေါ်များ၊ နုပျိုတက်ကြွသော လုပ်အားနှုန်းများဖြင့် ပေါင်းစပ်ကာ စနစ်ကျနသော စီမံခန့်ခွဲမှု စနစ်များ၊ ခေတ်မီသော ဈေးကွက်ရှာဖွေရေးအစီအမံများဖြင့် ထိရောက်သည့် ဖြန့်ဖြူးရောင်းချရေးဝန်ဆောင်မှုများကို လက်ရှိအောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။