ကျွန်ုပ်တို့နှင့်လက်တွဲသင့်သော လုပ်ငန်းအမျိုးအစားများ

နေပြည်တော်ဈေးကွက်အတွင်း မိမိတို့၏ ကုန်ပစ္စည်းများကို ဈေးကွက်ဖြန့်ကျက်လိုသော၊ ရောင်းအားချဲ့ထွင်လိုသော ဆက်လက်ဖေါ်ပြပါ ထုတ်လုပ်သူနှင့် ကုန်ပစ္စည်းတင်သွင်းသူ လုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ပါသည်။

ကျွန်ုပ်တို့၏ အားသာချက်များ

  • 01

    နန်းရွှေပြည်သည် နေပြည်တော် အခြေစိုက် ဈေးကွက်နှင့်ဖြန့်ချီရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သောကြောင့် နန်းရွှေပြည်နှင့်ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် လူကြီးမင်းတို့၏ ထုတ်ကုန်များ နေပြည်တော်ဈေးကွက်အတွင်း Brand Awareness & ရရှိစေရုံသာမက ဈေးကွက်ဖြန့်ကျက်မှုအားကောင်းလာစေရန်၊ ကျွမ်းကျင်စွာနှင့်ထိရောက် မြန်ဆန်စွာ ဖြန့်ချီနိုင်စေရန် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။
  • 02

    လူကြီးမင်းတို့၏ ထုတ်ကုန်များအား နေပြည်တော်ဈေးကွက်၌ ဝယ်ယူရ လွယ်ကူစေရန်၊ ဈေးကွက်ပြတ်လပ်မှု မရှိစေရန်၊ ဈေးကွက်ဝယ်လိုအားအတိုင်း လိုအပ်သလောက် အချိန်မီ ရရှိနိုင်စေရန် ကူညီဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ပြိုင်ဘက်များထက် သာလွန်ကောင်းမွန်သော ဈေးကွက်ဝေစုကို အချိန်တိုအတွင်း ရရှိနိုင်အောင် ကျွန်ုပ်တို့၏ ကျွမ်းကျင်သော အရောင်းအဖွဲ့များက ကူညီပံ့ပိုးပေးနိုင်ပါသည်။
  • 03

    နေပြည်တော်တွင် လူကြီးမင်းတို့၏ ထုတ်ကုန်များအတွက် ရာသီအလိုက် ပရိုမိုးရှင်းပွဲများ၊ အရောင်း ပရိုမိုးရှင်း ပွဲများနှင့် Branding Event ပွဲများရှိခဲ့ပါကလည်း နန်းရွှေပြည်မှ ကူညီပံ့ပိုးပေးနိုင်ပါသည်။
  • 04

    လူကြီးမင်းတို့ ထုတ်ကုန်များ၏ Visual Merchandising ဆိုင်ရာ လက်လက်းကြော်ငြာများ၊ ပိုစတာများ၊ စတစ်ကာများ၊ ဗီနိုင်းလ်များ၊ အရောင်းမြင့်တင်ရေးလက်ဆောင်များဖြန့်ဝေ တပ်ဆင်ခြင်းကိစ္စရပ်များတွက် လူကြီးမင်းတို့ ၏ ကုမ္ပဏီဝန်ထမ်းများကို နေပြည်တော်သို့စေလွတ်စရာမလိုဘဲ နန်းရွေပြည်၏ Sales & Marketing Team များက ကူညီဆောင်ရွက်ပေးနိုင်ပါသည်။
  • 05

    ကျွန်ုပ်တို့ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် လူကြီးမင်းတို့၏ ထုတ်ကုန်များကို နေပြည်တော်တွင် ကိုယ်တိုင်ဖြန့်ချီရောင်းချရန်အတွက် ရုံးခွဲထားရှိရခြင်း၊ ဂိုထောင်ထားရှိရခြင်း၊ ဝန်ထမ်းထားရှိရခြင်းများ မလိုအပ်တော့ဘဲ ငှားရမ်းစရိတ်၊ လုပ်သားစရိတ် နှင့် ဖြန့်ချီရေးစရိတ်စကများ သက်သာစေရန် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။
  • 06

    လူကြီးမင်းတို့၏ ထုတ်ကုန်များကို စနစ်တကျလက်ခံခြင်း၊ စံချိန်စံညွှန်းများနှင့်အညီ သိုလှောင်ထားရှိပေးခြင်း၊ ရိုးရှင်းထိရောက်သော ပို့ဆောင်ရေးစီမံခန့်ခွဲမှုစနစ်များ ထားရှိခြင်း တို့ကြောင့် သယ်ယူပို့ဆောင်ဖြန့်ချီရာတွင် ထုတ်ကုန်များ၏ အရည်အသွေးကို ထိခိုက်မှုမရှိစေရန် အပြည့်အ၀ အာမခံချက်ပေးနိုင်ပါသည်။

Our Professional Activities

ဈေးကွက်မိတ်ဆက်ခြင်းနှင့် ရောင်းချခြင်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးခြင်း
Digital Marketing စနစ်များ၊
နန်းရွှေပြည်၏ ကိုယ်ပိုင် Website စာမျက်နှာများ၊
အဖွဲ့ဝင် (၁) သိန်း (၄) သောင်း ကျော် ရှိသော နန်းရွှေပြည်၏ ကိုယ်ပိုင် Facebook Page ၊
အဖွဲ့ဝင် (၃) သိန်းကျော်ရှိသော နန်းရွှေပြည်ကုမ္ပဏီပိုင် ကြော်ငြာသီးသန့် Facebook Page
များတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများအကြောင်းကို သိရှိစေရန် Advertising Policies and Community Standard များနှင့်အညီ ထိရောက်ခေတ်မီစွာ ကြော်ငြာပေး၍ ဝယ်လိုအား တိုးတက်အောင် ပြုလုပ်ပေးခြင်း
ကုန်ပစ္စည်းများကို စားသုံးသူများ လက်လှမ်းမီသော လက်လီဆိုင်များတွင် အဆင်သင့် သုံးစွဲ ဝယ်ယူနိုင်စေရန် ဖြန့်ဖြူးပေးခြင်း။
Coverage Area များကို Deep Down မားက်တ်တင်း သေချာစွာ ပြုလုပ်ပေးခြင်းအားဖြင့် ကောင်းမွန်သော ROI ရရှိစေခြင်း။
လက်လီ လက်က္ကား ဖောက်သည်ဆိုင်များမှ ကုန်ပစ္စည်းများ ဝယ်ယူလိုသည်နှင့်တစ်ပြိုင်နက် နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ အရောက်ပို့ဆောင်ပေးခြင်း။
ကုန်ပစ္စည်းများကို စနစ်တကျ လက်ခံ၍ စံချိန်စံညွှန်းများနှင့်အညီ သိုလှောင်ထားရှိပေးခြင်း။
ရိုးရှင်းထိရောက်သော ပို့ဆောင်ရေး စီမံခန့်ခွဲမှု စနစ်ရှိခြင်း။
ငွေတောင်းခံခြင်း(Invoicing)နှင့်ငွေကောက်ခံခြင်း(Cash Collection) များကို စနစ်တကျ ဆောင်ရွက်ထားရှိခြင်း။
အာမခံချက် အပြည့်အ၀ ပေးနိုင်သော ငွေပေးငွေယူစနစ်များ ခိုင်ခိုင်မာမာ စီမံထားရှိခြင်း။